ကုလားတန် မြစ်ကူးတံတား (ပလက်ဝ) တည်ဆောက်ရေးစီမံကိန်း
Monday, 23 July 2018 00:00ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁) က တာဝန်ယူဆောင်ရွက်သော ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်ရေးစီမံကိန်း
(၂၁-၇-၂၀၁၈)
မိုးရာသီကာလ လမ်းပျက်စီးမှုအခြေအနေများ ကြည့်ရှု့စစ်ဆေး
Monday, 23 July 2018 00:00ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များ နှင့်အတူ (၂၂-၇-၂၀၁၈)ရက်နေ့တွင် JICA ချေးငွေအထောက်အပံ့ ဂျပန်ယန်း (၄၆၁၃)သန်းဖြင့် ဆောင်ရွက်မည့် သန်လျင်တံတားအမှတ်(၁)မှ သီလဝါစက်မှုဇုန်ထိ လေးလမ်းသွား လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် သန်လျင်တံတား ချဉ်းကပ်လမ်း မိုးရာသီကာလ ပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်
အစည်းအဝေး ဆုံးဖြတ်ချက်အရ မိုးတွင်းကာလ လမ်းပေါက်နေရာများကို Water Bound များဖြင့် လည်းကောင်း၊ ကတ္တရာယိုများဖြင့် လည်းကောင်း ပြုပြင်ရန်နှင့် ပျက်စီးမှုများသော သန်လျင်တံတားထိပ်မှ မီးပွိုင့်လမ်းဆုံထိပ်ထိ လမ်းပိုင်းနေရာအား ကတ္တရကွန်ကရစ်ခင်းခြင်းကို တစ်ပတ်အတွင်း အမြန်ဆုံး ဆောက်ရွက်ရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် BOT စနစ်ဖြင့် ဆောင်ရွက်နေသော ရန်ကုန် - ပုသိမ် လမ်း မိုးရာသီအတွင်း လမ်းပျက်စီးမှုနှင့် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ဆက်လက်ကြည့်ရှု စစ်ဆေးပါသည်။
ထီလုံ - တာပေါင် - ပတ - နဘူးလမ်း အခြေအနေ
Monday, 23 July 2018 00:00(၇၁)နှစ်မြောက် အာဇာနည်နေ့
Monday, 23 July 2018 00:00မြဝတီ-ကော့ကရိတ်လမ်း တောင်မြေပြိုမှု ရှင်းလင်းဆောင်ရွက်
Monday, 16 July 2018 00:00မြဝတီ - ကော့ကရိတ်လမ်း 154 km တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၉-၇-၂၀၁၈)ရက်နေ့ နံနက် (၀၄:၃၀)အချိန် တောင်မြေ စတင်ပြိုပြီး မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ၍ ရသော်လည်း နံနက် (၀၈:၀၀)အချိန် တောင်မြေ ထပ်မံ ပြိုကျသဖြင့် ကားလမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါသည်။ တောင်ပြိုမြေများ ရှင်းလင်းခြင်း လုပ်ငန်းအား ကရင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ကြီးကြပ်မှုဖြင့် ချက်ချင်းဆောင်ရွက်ခဲ့ပြီး နေ့လည် (၁၂:၀၀)အချိန်တွင် မော်တော်ယာဉ်ငယ်များ ပြန်လည်ဖြတ်သန်းသွားနိုင်ကာ ည (၁၉:၀၀)အချိန်တွင် ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် ခွင့်ပြုခဲ့ပါသည်။ ဖြတ်သန်းမည့် မော်တော်ယာဉ် များပြားသည့်အတွက် အသွားအပြန် ယာဉ်များကို ထိန်းပြီး ဖြတ်သန်းစေခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။
ဆာက်လုပ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့
Monday, 09 July 2018 00:00- အဖွဲ့ခေါင်းဆောင်
ဦးဇော်မင်းသိမ်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးရုံး
ဖုန်း ၀၉၄၄၈၅၃၄၇၆၉၊ ၀၆၇၃၄၀၇၅၈၄
- အဖွဲ့ဝင်
ဦးမြင့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး)၊ အဆောက်အဦ ဦးစီးဌာန
ဖုန်း ၀၉၅၁၂၆၇၁၄၊ ၀၆၇၃၄၀၇၀၇၅
- အဖွဲ့ဝင်
ဦးအောင်မြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး)၊ လမ်း ဦးစီးဌာန
ဖုန်း ၀၉၉၆၃၁၈၅၀၀၀၊ ၀၆၇၃၄၀၇၅၀၉
- အဖွဲ့ဝင်
ဦးခင်မောင်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး)၊ တံတားဦးစီးဌာန
ဖုန်း ၀၉၄၄၈၅၃၅၉၃၆၊ ၀၆၇၃၄၀၇၄၅၂
- အဖွဲ့ဝင်
ဦးမြင့်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အုပ်ချုပ်ရေး)၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဖုန်း ၀၉၅၀၄၁၆၆၁
- အဖွဲ့ဝင်
ဦးဝဏ္ဏဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
ဖုန်း ၀၉၂၃၀၀၄၂၈၊ ၀၆၇၂၄၇၆၃
- အတွင်းရေးမှူး
ဒေါ်မေသက်လှိုင်၊ ညွှန်ကြားရေးမှူး၊ ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ၊ ဝန်ကြီးရုံး
ဖုန်း ၀၉၄၂၈၃၀၃၉၁၇၊ ၀၆၇၃၄၀၇၅၉၀
ရန်ကုန်မိုးပျံအမြန်လမ်းမကြီးစီမံကိန်း EoI ခေါ်ယူခြင်း
Monday, 09 July 2018 00:00ဆောက်လုပ်ရေးဝန်ကြီးဌာန မှ PPP စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် Yangon Elevated Expressway ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်း အတွက် စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိတ်ဝင်စားမှု လျောက်လွှာများအား ပေးပို့လျောက်ထားရန် ကြော်ငြာခဲ့ရာ ပြည်တွင်းပြည်ပ မှ ရင်းနှီးမြှုပ်နှံလိုသူ အဆိုပြုလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီ (၅၃)ခု၏ စာရင်းအား သိရှိနိုင်ရန် သတင်းထုတ်ပြန်အပ်ပါသည်။ ယခု စိတ်ဝင်စားမှု လျှောက်လွှာများ (EoI) ခေါ်ယူခြင်းသည် တင်ဒါလုပ်ငန်း၏ ပထမဆုံးအဆင့်ဖြစ်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် Request for Qualifications (RFQ) ခေါ်ယူရန် ပြင်ဆင်လျက် ရှိကာ ယခုနှစ်၏ နောက်ဆုံးသုံးလပတ်အတွင်း Request for Proposals (RFP) ခေါ်ယူခြင်း ဆောင်ရွက်မည် ဖြစ်သည်။
ရန်ကုန်မိုးပျံအမြန်လမ်းမကြီးစီမံကိန်း EoI ခေါ်ယူခြင်း
Friday, 06 July 2018 00:00ဒေါနိုးကူးတံတား ဖွင့်ပွဲ
Wednesday, 04 July 2018 00:00ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်း ဘီလူးချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသည့် ဒေါနိုးကူးတံတား ဖွင့်ပွဲအား (၁-၇-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြပါသည်။