တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရန်ကုန် - မြိတ် လမ်းပေါ်ရှိ ပဲဒက်တံတား  ဖွင့်ပွဲအခမ်းအနားကို (၃၀-၉-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပါသည်။


မြောင်းမြတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်းအား တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁) က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယနေ့ ၂၄-၉-၂၀၁၈ ရက်နေ့တွင် ပြီးစီးမှု ၅၆ % ဖြစ်ပါသည်။

လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာများ၊  ဝန်ထမ်းများ၊ လုပ်သားများက နေ့/ည တာဝန်များ ခွဲဝေကာ ဆောင်ရွက်လျက် ရှိပါသည်။


တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁) က တာဝန်ယူ တည်ဆောက်သည့် ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)စီမံကိန်း မတူပီဘက်ကမ်းနှင့် ပလက်ဝဘက်ကမ်းရှိ ချဉ်းကပ်တံတား Box Girder, Plate Girder များပေါ်တွင်

ကြမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ။ (၂၃-၉-၂၀၁၈)

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၊ လမ်းပန်းဝန်ကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သံတောင်(ပျားစခန်း-၁၃ မိုင်စခန်း) လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု   အခြေအနေများ ကြည့်ရှုစစ်ဆေး။ (၂၁-၉-၂၀၁၈)


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဆုထူးပန် ကုမ္ပဏီမှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်သော မန္တလေး - မိုးကုတ်လမ်း (လက်ပန်လှ - ဖောတော့ လမ်းပိုင်း) နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။  ဆုထူးပန်ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လမ်းလုပ်ငန်းများကို စနစ်တစ်ကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည် ။ (၁၇-၉-၂၀၁၈)


မိုးကုတ် - မန္တလေး လမ်းမကြီးမှ အုန်ဒါန်ရွာသွားလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ

ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ မိုးကုတ်မြို့ နယ် ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့် အုန်ဒါန်ကျေးရွာမှ ရွာသူရွာသားများက ခင်မင်ရင်းနှီးစွာ ကြိုဆိုကြပါသည်။ ခွင့်ပြုရန်ပုံငွေ

ဆက်လက်တောင်းခံပြီး ကျန်ရှိသော လမ်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည့်အကြောင်း ပြည်ထောင်စုဝန်ကြီးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။(၁၇-၉-၂၀၁၈)


ဧရာဝတီတံတား(ထီးချိုင့်) မြစ်ကူးတံတားကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် အမြဲတမ်းအတွင်းဝန်၊ တံတားဦးစီးဌာန၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ တံတားအထူးအဖွဲ့(၂)

ဒု-ညွှန်ကြားရေးမှူးက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို 

လမ်းညွှန်မှာကြားပါသည်။ (၁၆-၉-၂၀၁၈)


ဧရာဝတီတံတား (ရတနာပုံ) ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး။
 
တံတားစီမံကိန်းကြီး အထူးအဖွဲ့(၁) ညွှန်ကြားရေးမှူးမှ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
(၁၅-၉-၂၀၁၈)

 

 

ယနေ့ (၃၁-၈-၂၀၁၈) နံနက် (၁) နာရီခန့် (စတင်တည်ဆောက်ချိန်မှ ၂၃ နာရီခန့်) တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းအပိုင်း ဆွာချောင်း ဘေလီတံတားအသစ်ပေါ်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Truck ကား စတင်တက်ရောက်စမ်းသပ်ပါသည်။ Sway Brace များ တပ်ဆင်၍ Load Test စမ်းသပ်ပြီးပါက ယနေ့ ညနေပိုင်းတွင် ခရီးသွားပြည်သူများအား ဖြတ်သန်းခွင့်ပြုနိုင်မည် ဖြစ်ပါသည်။


ရန်ကုန်- မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) ရှိ မိုင်တိုင်အမှတ် (၁၉၉/၀) အနီး ရေတိုက်စားပျက်စီးသောနေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် Oriental Highway ကုမ္ပဏီမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများ ၊ တပ်မတော်၊ ရဲ နှင့်ဒေသခံများ ပူးပေါင်း၍ မော်တော်ယာဉ်များသွားလာနိုင်ရန်ယာယီပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါသည်။

ထို့ကြောင့် ယာဉ်ငယ်များသည် နံနက်၁၁နာရီ၄၅မိနစ်မှစတင်၍လည်းကောင်း၊ (၆)ဘီး နှင့် (၁၀) ဘီးကုန်တင်ယာဉ်များသည် မွန်းလွဲ(၃)နာရီ (၄၅)မိနစ်မှစတင်၍လည်းကောင်း အလှည့်ကျ စတင်ဖြတ်သန်းနိုင်ပြီဖြစ်ပါသည်။

ကျန်ရှိနေသော ၁၂ဘီးကုန်တင်ယာဉ်၊တွဲယာဉ်ကြီးများအား ဖြတ်သန်းနိုင်စေရန် ၆၀ပေခန်းဖွင့် Double-Single ဘေလီတံတားအားပြီးစီးအောင်ဆောင်ရွက်လျှက်ရှိပါသည်။

 

Page 2 of 20

နေ့စဉ်သတင်းစာများရယူရန်