ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၄-၈-၂၀၁၈)ရက်နေ့တွင် တောင်တွင်းကြီး - မြို့သစ် - နတ်မောက် လမ်း မိုင်တိုင်(၁၄)ရှိ ပုလင်းချောင်းရေကျော် မိုးဒဏ်ကြောင့် ပျက်စီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ပြုပြင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။ ထို့နောက် တံတားအထူးအဖွဲ့(၃)က တာဝန်ယူ တည်ဆောက်သည့် မကွေးမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ် တို့ကို ဆက်သွယ်ထားသော တံတားအမှတ်(၁/၂၉၃) တောင်ဦးတံတား တည်ဆောက်မှု အခြေအနေကို လည်းကောင်း၊ မလွန်နှင့် ပဌာနဂို တို့ကို ဆက်သွယ်ထားသော ဧရာဝတီတံတား(မလွန်) ကြံ့ခိုင်မှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တံတားကြီး ရေရှည်ခိုင်မြဲရေးအတွက် အမြဲမပြတ် စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။ ၄င်းနောက် စစ္စနိုး - ရေနံမ - ကျောက်ပုံ - ကန်တုတ် လမ်း ပြုပြင်ထိန်းသိမ်းထားမှု အခြေအနေ၊ ပုသိမ် - မုံရွာလမ်း (ဥသျှစ်ပင်-ပဒါန်းလမ်းပိုင်း)ရှိ မင်းတုန်းချောင်းတံတား (ပဒါန်းဘက်ကမ်း) ရေတိုက်စားမှုအား ကာကွယ်ထိန်းသိမ်းခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၂-၆-၂၀၁၈ ရက်နေ့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော သရက် - ကံမ လမ်းပေါ်ရှိ ရေနံ့သာ(မင်းတုန်း)တံတားအား တံတားတည်ဆောက်ရေး အဖွဲ့(၃)က ပြန်လည်ပြုပြင်နေမှု၊ အသစ်တိုးချဲ့ တည်ဆောက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပါသည်။


၂၁-၇-၂၀၁၈ ရက်နေ့ မှစ၍ ကရင်ပြည်နယ်အတွင်း ရေကြီးမှုနှင့် ရေတိုက်စားမှုများကြောင့် ပျက်စီးမျောပါသွားသော တံတားများအား အမြန်ပြန်လည်တည်ဆောက်ခဲ့ရာ အောက်ပါတံတားများ ပြီးစီးခဲ့ပြီးဖြစ်ပါသည် -

( ၁) ထီလုံ - တာဘောင် - နဘူး - ကော့ကရိတ် လမ်း ၊ မိုင်တိုင် အမှတ် (၂၅/၄- ၂၆/၁) ရှိ ပေ (၅၀) သစ်သားတံတားပျက်စီးမှုအား ပေ (၆၀) D/S ဘေလီတံတားအဖြစ် ပြန်လည်တည်ဆောက်ခြင်း ရာနှုန်းပြည့် ပြီးစီး၊

(၂) ထီလုံ - တာဘောင် - နဘူး - ကော့ကရိတ် လမ်း ၊ မိုင်တိုင် အမှတ် (၂၆/၁- ၂၆/၆) ရှိ ပေ (၄၀) သစ်သားတံတားပျက်စီးမှုအား ပေ (၅၀) D/S ဘေလီတံတားအဖြစ် ပြန်လည်တည်ဆောက်ခြင်း ရာနှုန်းပြည့် ပြီးစီး၊

(၃) ထီလုံ - တာဘောင် - နဘူး - ကော့ကရိတ် လမ်း ၊ မိုင်တိုင် အမှတ် (၃၄/၀) ရှိ (၁၀)ပေ အုတ်ခုံတံတား ပျက်စီးမှုအား ၂၅ ပေသစ်သားတံတားအဖြစ် ပြန်လည်တည်ဆောက်ခြင်း ရာနှုန်းပြည့် ပြီးစီး၊

(၄) လှိုင်းဘွဲ့ - ရှမ်းရွာသစ် လမ်း ၊ မိုင်တိုင် အမှတ် (၁၀/၆- ၁၀/၇) ရှိ (၁၀) ပေ RC တံတားပျက်စီးမှုအား ပေ (၇၀) S/S ဘေလီတံတားအဖြစ် ပြန်လည်တည်ဆောက်ခြင်း ရာနှုန်းပြည့် ပြီးစီး၊

(၅) လှိုင်းဘွဲ့ - ရှမ်းရွာသစ် လမ်း ၊ မိုင်တိုင် အမှတ် (၁၄/၂- ၁၄/၃) ရှိ (၆၀) ပေ RC တံတားပျက်စီးမှုအား ပေ (၆၀) S/S ဘေလီတံတားအဖြစ် ပြန်လည်တည်ဆောက်ခြင်း ရာနှုန်းပြည့် ပြီးစီး၊

(၆) သံဖြူဇရပ် - ဘုရားသုံးဆူ လမ်း ၊ မိုင်တိုင် အမှတ် (၄၅/၀- ၄၅/၁) ရှိ (၆၀) ပေ RC တံတားပျက်စီးမှုအား ပေ (၉၀) D/S ဘေလီတံတားအဖြစ် ပြန်လည်တည်ဆောက်ခြင်း ရာနှုန်းပြည့် ပြီးစီး၊

ထီလုံ - တာဘောင် - နဘူး - ကော့ကရိတ် လမ်းပေါ်တွင် ကျန်ရှိသည့်တံတား(၃)စင်း ပျက်စီးမှုများအားလည်း အမြန်ပြန်လည်တည်ဆောက်လျှက်ရှိရာ မကြာမီပြီးစီးတော့မည်ဖြစ်ပါသည်။

 

Page 13 of 63