ရန်ကုန်-ပုသိမ်လမ်း ၊ ပုသိမ်တံတားအမှတ်(၂) စီမံကိန်းများ

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(လမ်းဦးစီးဌာန) ၊ ညွှန်ကြားရေးမှုးချုပ်(တံတားဦးစီးဌာန) တိူ့နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ VideoConferencing စနစ်အသုံးပြုကာ၊ COVID-19 ကာလအတွင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများ ဖြစ်သည့် ရန်ကုန်-ပုသိမ်လမ်းစီမံကိန်း နှင့် ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းများ၊ မုန်တိုင်းသတင်း သတိပေးသည့်အတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက် နေသည့် လုပ်ငန်းများကို လုပ်ငန်းစီမံကိန်းနေရာများနှင့်တိုက်ရိုက်ချိတ်ဆက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပါသည်။ (၂-၅-၂၀၂၀)

နေ့စဉ်သတင်းစာများရယူရန်