ကော့ကျိုက်-ဇာသပြင်လမ်း ပေ(၆၀)ဘေလီတံတား ထိုးခြင်း

ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း) မိုင်တိုင်အမှတ် (၁၁/၇ - ၁၂/၀)ရှိ အရှည် (၄၀ ပေ) တံတား ဇာသပြင် ဘက်အခြမ်း ကမ်းကပ်ခုံ အက်ကွဲပြီး ကြမ်းခင်းကြံ့ခိုင်မှု အားနည်းလာပါသဖြင့် အဆိုပါ တံတား နေရာတွင် အရှည် (၆၀ ပေ) ဘေလီသံဘောင်တံတား အစားထိုး တည်ဆောက်မည် ဖြစ်၍ အဆိုပါ လမ်းပိုင်းအား (၂-၉-၂၀၁၉)ရက် တနင်္လာနေ့ နံနက် (၆)နာရီမှ ည (၁၂)နာရီအထိ ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း အသိပေး အပ်ပါသည်။ လမ်းပိုင်း ခေတ္တ ပိတ်ထားစဉ်ကာလအတွင်း ယာဉ်ကြီးများ (အတက်/အဆင်း)အနေဖြင့် သံလွင်တံတား - ကော့ကျိုက် - နောင်လုံတောင်ကြား - အိန္ဒု လမ်းအတိုင်း မောင်းနှင် သွားလာနိုင်ပါသည်။ မှတ်ချက်။ ယာဉ်ကြီးများသည် နောင်လုံ - အိန္ဒု လမ်းပိုင်းရှိ မြပြည်တံတား ပေါ်တွင် ဂရုစိုက်ပြီး ဖြည်းညင်းစွာ ဖြတ်သန်းပေးကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။ (လမ်းဦးစီးဌာန ၊ ကရင်ပြည်နယ်)

နေ့စဉ်သတင်းစာများရယူရန်