မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတားအမှတ် ၆/၅၆ ကျောက်စီ(Arch bridge) ပြိုကျပျက်စီးမှုအား ကြည့်ရှု့စစ်ဆေး

မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့နယ်၊ ဝိုင်းမော် - ဝါရှောင် - ဆဒုံး - ကန်ပိုင်တီ လမ်းပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်တိုင် ၅၅/၆-၇ ကြား အလျား ၇၆.၂ မီတာ အမြင့် ၂၁.၃ မီတာ တောင်ပြိုကျမှု ဖြစ်ပွားခဲ့ရာ ၎င်းလမ်းရှိ တံတားအမှတ် ၆/၅၆ အရှည် (၁၇၄)ပေ ကျောက်စီ(Arch bridge) ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သောနေရာသို့ကချင်ပြည်နယ် လမ်းပန်းဝန်ကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ယာဉ်ငယ်များ သွားလာနိုင်ရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။ (၁၅-၁၀-၂၀၁၈)