ကယားပြည်​နယ်​ လမ်း တံတား ဆဦ လုပ်​ငန်းများ စစ်​​ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း သည် တံတားဦးစီးဌာန ညွှန်/ချုပ် ဦးရွှေလေး၊ လမ်းဦးစီးဌာန ဒု-ညွှန်/ချုပ် ဦးစောဝင်းနိုင်၊ အင်/ချုပ် ဦးဦးဟန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် - ကင်းသာ - ကိုးကွေ့ - လိန်းလီ - ပင်လောင်းလမ်းနှင့် ပင်လောင်း - လွိုင်ကော်လမ်းများအား ကြည့်ရှုစစ်ဆေးပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ဖြူ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် လွိုင်ကော်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူးရုံး အဆောက်အဦနှင့် ဒေါနိုကူးတံတားအသစ် တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးပါသည်။

(၄-၈-၂၀၁၇)

နေ့စဉ်သတင်းစာများရယူရန်

 

 

ဝန်ထမ်းဆိုင်ရာအသိပေးကြေငြာခြင်း