ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၏ လုပ်ငန်းတာဝန်များ

(၁) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ သတ်မှတ်ထားသော လမ်းနှင့် တံတားများကို စီမံချက်ဖြင့် ဖောက်လုပ်ခြင်း ၊ တည်ဆောက်ခြင်း ၊ မွမ်းမံခြင်း နှင့် ပြုပြင် ထိန်းသိမ်းခြင်း တို့ကို တာဝန်ယူခြင်း ။

 

 

(၂) နိုင်ငံပိုင် အဆောက်အဦနှင့် လေယာဉ်ကွင်းများ ဆောက်လုပ်ခြင်း ၊ မွမ်းမံခြင်း ၊ ပြုပြင် ထိန်းသိမ်းခြင်း တို့ကို တာဝန်ယူခြင်း ။

(၃) အင်ဂျင်နီယာ မူဝါဒများကို ချမှတ်ခြင်း ၊ တိုးပွားအောင် ပြုလုပ်ခြင်းတို့ကို အခြား ၀န်ကြီးဌာနများနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ တင်ပြခြင်း ။

(၄) တည်ဆောက်ရေး နှင့်သက်ဆိုင်သည့် ပစ္စည်းအချို့ကို ထုတ်လုပ်ခြင်း ၊ ကိုင်တွယ်ခြင်း ၊ သုံးစွဲခြင်း စသည့် ကိစ္စရပ်များ၌ စက်ကိရိယာများ အသုံးပြု၍ ဆောင်ရွက်နိုင်ရန် မူဝါဒလမ်းညွှန်ချက်များ ၊ စီမံချက်များ ၊ အစီအစဉ်များ ချမှတ်ပေးခြင်း ။

(၅) တည်ဆောက်ရေးနှင့် သက်ဆိုင်သည့် ပစ္စည်းများ ၊ စက်ကိရိယာများ၏ လိုအပ်ချက် ညှိနှိုင်းခြင်း ၊ စုပေါင်းခြင်း ၊ စံထားခြင်း ၊ သတ်မှတ်ချက်တို့ ပြုလုပ်ခြင်း ။

(၆) အင်ဂျင်နီယာများ ၊ အတတ်ပညာရှင်များ ၊ လက်မှုပညာသည်များ ၊ ကာယလုပ်သားများ ပညာနှင့်အဆင့် တိုးတက်ရေး ကို  ရှေးရှုသည့်သင်တန်းများ ဖြစ်မြောက်စေရန် ဆောင်ရွက်ပေးခြင်း ။

(၇) ဆောက်လုပ်ရေး နည်းပညာနှင့် စက်ပစ္စည်းများအသုံးပြုရာ၌ ခေတ်မီ၍ စရိတ်ကျဉ်းသော လုပ်နည်း လုပ်ဟန် များကို တင်ပြခြင်း ၊ စမ်းသပ်ခြင်း ၊ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ခြင်း ။

(၈) မြို့ပြရေ ပေးဝေရေး စီမံကိန်းများ၌ ချမှတ်ထားသည့် မူဝါဒများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ။

(၉) နိုင်ငံပိုင် အဆောက်အဦ များတွင် ရေသန့်ရှင်းရေးနှင့် လျှပ်စစ်မီးဆက်သွယ်ခြင်း ၊ ထိန်းသိမ်း ပြုပြင်ခြင်း တို့ကို ဆောင်ရွက်ခြင်း ။

(၁၀) အဆောက်အဦများ ၊ လေယာဉ်ကွင်းများ ၊ လမ်းများ ၊ တံတားများ၏ ပုံစံထုတ်လုပ်ခြင်း ၊ လုပ်ငန်း အစီအစဉ်များ ချမှတ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခြင်း ။

(၁၁) နိုင်ငံတော်အစိုးရက ချမှတ်တာဝန်ပေးသော အခြားတည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခြင်း ။

နေ့စဉ်သတင်းစာများရယူရန်

 

 

ဝန်ထမ်းဆိုင်ရာအသိပေးကြေငြာခြင်း