မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ပြီးစီးပါက အမြင်နီးသော်လည်း ခရီးဝေးခဲ့ရသည့် ဒလမြို့အပါအဝင် ရန်ကုန်အနောက်ဘက်ကမ်းဒေသများ ဒေသဖွံ့ဖြိုးတိုးတက်လာတော့မည်
Monday, 24 December 2018 00:00ဒလမြို့နယ်အပါအဝင် ရန်ကုန်အနောက်ဘက်ကမ်းဒေသများ ဖွံ့ဖြိုးရေးအတွက် အရေး ပါသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပရန် ပြင်ဆင်နေသည့် မြင်ကွင်းကိုကြည့်ရင်း ဝမ်းသာပီတိဖြစ်နေသည့် ဒလမြို့ ဒေသခံ ကမာကဆစ်ရပ်ကွက်မှ အသက် ၇ဝ ကျော် အဘိုးဦးသိန်းဟန်က'' ဒလမြို့နယ် ဒေသခံတွေ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တ နေတဲ့ အိပ်မက်တံတားကြီး အခုတော့ အကောင်အထည် တကယ်ပေါ်လာတော့မှာပါ''ဟု ပြောသည်။
ဒလမြို့နယ်အပါအဝင် ရန်ကုန် အနောက်ဘက်ကမ်း ဒေသများသည် မြစ်ကြီးခြားနေမှုကြောင့် ရန်ကုန်မြို့နှင့်အမြင်နီးခဲ့သော်လည်း ခရီးဝေးခဲ့ရသည့် အတွက် ခေတ်အဆက်ဆက် ပညာရေး0 ၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးဘဝများ နိမ့်ကျနေသည်။
''ဒလကနေ ရန်ကုန်ကို ဆေးသွား ကုမယ်ဆို သွားရေးလာရေး အခက်အခဲ တွေ ရှိခဲ့တယ်။ မိုးတွင်းဆို လှိုင်းကြီး လေထန်လို့ ရန်ကုန်ဘက်သွားဖို့ အခက် အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ စားဝတ်နေရေးအတွက်တော့ သွားနေ ကြရတာပါပဲ''ဟု အဘိုး ဦးသိန်းဟန်က ပြောပြသည်။
သုံးနှစ်ခွဲခန့်ကြာမြင့်မည်
ရန်ကုန်- ဒလ မြစ်ကူးတံတားထိုးနိုင်ရန်အတွက် ဒလတံတားစီမံကိန်းကို ၂ဝ၁၃ ခုနှစ်ကတည်းက စတင်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ငါးနှစ်ကျော် အကြာတွင်မှ စီမံကိန်းကို စတင်အကောင် အထည်ဖော်နိုင်ကြောင်း၊ တံတားတည် ဆောက်ရေးအတွက် စီမံကိန်းကာလမှာ သုံးနှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း တံတားဦးစီးဌာနက သိရသည်။
''ဒလမြို့ဒေသခံတွေက တံတားကြီး ကို အမြန်အကောင်အထည်ဖော်စေ ချင်ကြတာ။ ဒလမြစ်ကူးတံတားကြီး အကောင်အထည်ဖော်ဖို့တောင် လူထု ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ခဲ့ကြတယ်။ တံတားကြီးထိုးပြီးသွားရင်တော့ အားလုံး အဆင်ပြေသွားမယ်။ အနီးအနား ကျေးရွာတွေလည်း စီးပွားရေးဖွံ့ဖြိုးလာ မယ်''ဟု ဒလမြို့ ကမာကဆစ်ရပ်ကွက် နေ ဦးညီညီက ပြောသည်။
ဒလတံတားသည် ကိုရီးယား- မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အတွက် အရေးပါသည့် သင်္ကေတတစ်ခုဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပသည့် Korean Night အခမ်းအနား၌ ပြောကြားသည်။
''ရန်ကုန်မြို့ရဲ့ မြစ်အနောက်ဘက် ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တော်တော်များများကို ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ Master Plan ကို အကြမ်း ရေးဆွဲနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရ အသစ် တာဝန်ယူတဲ့ အချိန်တွေမှာ ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်း ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းတွေကို အကောင် အထည်ဖော် စတင် နေနိုင်ပြီဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။
ဒလတံတား စီမံကိန်း ပြီးစီးပါက ဧရိယာအကျယ်အဝန်း ၈၆ ဒသမ ၅ စတုရန်းမိုင်ရှိ ဒလမြို့နယ်၏ ခန့်မှန်း လူဦးရေ တစ်သိန်းငါးသောင်းကျော် အတွက် မြို့ပြဖွံ့ဖြိုးမှုအပါအဝင် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒလမြို့နယ် နှင့် တစ်ဆက်တစ်စပ်တည်း ရှိနေသည့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ သည်လည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း မြို့ပြကျွမ်းကျင်သူများက သုံးသပ်ထားသည်။
''ဒလတံတားကြီး တည်ဆောက်ပြီး သွားလို့ စက်မှုဇုန်တွေ အကောင်အထည် ဖော်ပေးမယ်ဆိုရင် ဒေသခံတွေ ရန်ကုန် ဘက်ကိုသွားပြီး အလုပ်လုပ်စရာ မလို တော့ဘူး။ ဒလမှာတင် အလုပ်လုပ်လို့ ရသွားမယ်။ နောက်ပိုင်း ဒလမြို့ဟာ ဒုတိယရန်ကုန်လို့တောင် ပြောရမယ့် အနေအထားဖြစ်သွားမယ်''ဟု ဒလမြို့ ဗညားဒလရပ်ကွက်တွင် နေထိုင်သည့် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင် ကျော်မြင့်က ပြောသည်။
ရေရှားပါးမှုဖြေရှင်းပေးနိုင်
ရန်ကုန်-ဒလထိုးမည့် ဒလတံတား စီမံကိန်းတွင် အချင်းတစ်ပေခွဲရှိ ရေပိုက် လိုင်းနှစ်လိုင်းကို တံတား၏ ဘယ်ညာတွင် ထည့်သွင်းတည်ဆောက်သွားမည် ဖြစ် သည့်အတွက် ဒလဒေသခံများ နှစ်ပေါင်း များစွာ ခံစားလာခဲ့ရသည့် ရေရှားပါးမှု ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်ရာ တံတားကြီး အမြန်အကောင်အထည် ပေါ်လာရန် မျှော်လင့်နေကြောင်း ဒေသခံ များထံမှ သိရသည်။
''ဒလဘက်မှာ ရေချိုရရှိမှုက တော်တော်ခဲယဉ်းပါတယ်။ ရေချိုရရှိဖို့ အတွက် ရေပိုက်လိုင်းနှစ် လုံးကို တစ်ဖက် တစ်ချက်မှာ သွယ်တန်းတည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ဒလမြို့နယ် သာမက ဆက်စပ်မြို့နယ်တွေကိုလည်း ရေ လုံလောက်မှုပေးနိုင်အောင် တွက်ချက် ထားပါတယ်''ဟု တံတားဦးစီးဌာန (ထိန်းသိမ်းရေး)မှ ဒုတိယòန်ကြားရေး မှူးချုပ် ဦးကျော်ကောင်းချိုက ပြောသည်။
ထို့အတူ ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်းကို ဆက်သွယ်သွားလာ နိုင်မည့် ဒလတံတား တည်ဆောက်ပြီးချိန် တွင် ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တို့သို့ လည်းကောင်း၊ ဒေးဒရဲတံတားမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး စသည့်မြို့များ၊ ကမ်းခြေဒေသများ အပါအဝင် ဧရာဝတီ တိုင်းဒေသကြီးတစ်တိုင်းလုံးသို့ လည်း ကောင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင် မည်ဖြစ်သည်။
ထို့ပြင် ယခုလက်ရှိ ရန်ကုန်မြို့တွင် တွေ့ကြုံနေရသည့် ယာဉ်ကြောပိတ်ဆို့မှု ကိုလည်း အတိုင်းအတာ တစ်ခုအထိ လျော့ပါးသက်သာ သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနက သုံးသပ်ထားသည်။
ဒလ တံတားကို အဆင့်မြင့်နည်း ပညာဖြင့် ဆောက်လုပ်သည့် တံတား ဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာ များအနေဖြင့်လည်း တံတားပုံစံထုတ်လုပ် ခြင်း၊ တည်ဆောက်ခြင်း စသည့် ခေတ်မီ နည်းပညာနှင့် အတွေ့အကြုံများ ရရှိနိုင် မည်ဖြစ်ပြီး ကျွမ်းကျင်လုပ်သားများ လည်း ပေါ်ထွက်လာမည်ဖြစ်ကြောင်း ဒုတိယòန်ကြားရေးမှူးချုပ် ဦးကျော် ကောင်းချိုက ပြောသည်။
လျော်ကြေးငွေများပေးအပ်
နိုင်ငံတော်မှ ဒလတံတားစီမံကိန်း တွင် မလွတ်ကင်းအိမ်နှင့် မြေယာများ အတွက် နစ်နာမှုမရှိစေရန် လျော်ကြေး ငွေများကိုလည်း ပေးအပ်ခဲ့ပြီး စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသည့် သာသနိက အဆောက်အအုံ၊ ကူးတို့ဆိပ်၊ ရေယာဉ်ရုံး နှင့် နားနေဆောင်တို့ကိုလည်း သင့်လျော် သည့်နေရာတွင် အဆောက်အအုံ အထူးအဖွဲ့ (၂)မှ ပြန်လည်ဆောက်လုပ် ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။
''ကျွန်တော့်အိမ်က စီမံကိန်းထဲ ပါနေတဲ့အတွက် ၁၅ ပေ နောက်ဆုတ် ပေးလိုက်ရတယ်။ ခုနစ်ပေက စီမံကိန်းထဲ ပါသွားတယ်။ ရှစ်ပေက စီမံကိန်းပြီးရင် ပြန်ရမယ်။ အဲ့ဒီအတွက်လည်း ဌာနက ထိုက်တန်တဲ့ နစ်နာကြေးပေးပါတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးဖို့လုပ်တာ ကျေကျေ နပ်နပ် လက်ခံပါတယ်''ဟု ဗညားဒလ ရပ်နေ ဦးအောင်ကျော်မြင့်က ပြောသည်။
ဒလတံတားကို ရန်ကုန်မြို့ဘက်တွင် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဘက်တွင် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ် တည်ဆောက် သွားမည်ဖြစ်ပြီး လမ်းအူကြောင်းအနေဖြင့် ထိခိုက်မှု အနည်းဆုံးလမ်းကြောင်းကို ရွေးချယ် တည်ဆောက်သွားမည် ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Loan ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ ၃ဝ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း ခန့်မှန်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း ကုန်ကျမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
အမြင်နီးသော်လည်း ခရီးဝေးခဲ့ရ သည့် ဒလမြို့အပါအဝင် ရန်ကုန် အနောက်ဘက် ကမ်းဒေသများ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတား တည်ဆောက်ပြီးစီးပါက ဒေသဖွံ့ဖြိုး တိုးတက် လာတော့မည်ကို ဒလမြို့ ဒေသခံ ကမာကဆစ်ရပ်ကွက်မှ အသက် ၇ဝ ကျော် အဘိုးဦးသိန်းဟန်က''တံတားကြီး ဆောက်ပြီးသွားလို့ ဒလမြို့ ဖွံ့ဖြိုးလာမှာ ကိုမြင်တွေ့ချင်သေးတယ်''ဟု ပြောသည်။
သတင်းဆောင်းပါး-မင်းသစ်(MNA)
ဓာတ်ပုံ-ဇော်မင်းလတ်
MOI Webportal Myanmar
ဆဒုံးတံတား ယာယီလမ်းလွှဲ ပြုလုပ်
Wednesday, 19 December 2018 00:00(၁၄-၁၂-၂၀၁၈)ရက်နေ့တွင် သံသတ္တုများ တင်ဆောင်လာသော ၁၂ဘီး ကားကြီး ဖြတ်သန်းစဉ် ဝိုင်းမော် - ဆဒုံး - ကန်ပိုင်တီလမ်း၊ တံတားအမှတ် ၄/၃၂ အရှည်(၁၇၀)ပေ သုံးလွှာ နှစ်ထပ် ဘေလီတံတား ကျိုးကျမှု ဖြစ်ပေါ်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ပါသည်။ ကချင်ပြည်နယ် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ ထိန်မိန်ကုမ္မဏီတို့ ပူးပေါင်း၍ ယာယီလမ်းလွှဲ ပြုလုပ်ပြီး H 20 သံဘောင်ဖြင့် တံတားတည်ဆောက်ပြီးဖြစ်၍ (၁၈-၁၂-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ ၁၃ တန်နှင့်အောက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ပါသည်။
ဧရာဝတီတံတား(သရက်-အောင်လံ) ပန္နက်တော်တင် အခမ်းအနား
Wednesday, 19 December 2018 00:00ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ခြင်းစီမံကိန်း ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည် ။ ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေးစီမံကိန်း သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် တည်ရှိပြီး အောင်လံမြို့ နှင့် သရက်မြို့ ကို ဆက်သွယ်ပေးမည့်တံတား ဖြစ်ပါသည်။ (၁၇-၁၂-၂၀၁၈)
ကရင်ပြည်နယ်၊ ဇာသပြင် - ကျားကလေးလမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ
Monday, 17 December 2018 00:00ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း (YEX) Phase-I အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီသည့် ကုမ္ပဏီ(၁၀)ခုအား ထုတ်ပြန်ကြေညာခြင်း
Thursday, 06 December 2018 00:00ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း၍ Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ (၁၂)စောင် လက်ခံရရှိခဲ့ပါသည်။ တင်သွင်းလာသော ကုမ္ပဏီ(၁၂)ခု အနက်မှ ဆန်ခါတင် အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ(၁၀)ခု အမည်စာရင်းအား ထုတ်ပြန်ကြေညာအပ်ပါသည်။
ဆန်ခါတင်အရည်အသွေး ပြည့်မီသူများသည် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မည် ဖြစ်ပါသည်။ တင်ဒါအနိုင်ရရှိရန် နောက်တစ်ဆင့်မှာ ကြိုတင်အရည်အသွေး ပြည့်မီသူများအား အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းရန်ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement) အား ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
ဤစီမံကိန်းသည် အစိုးရ၏ ဦးစားပေး ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုအား လျော့ကျစေရန်နှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ဖြစ်ပါသည်။
Ministry of Construction and Yangon Regional Government received twelve Prequalification Applications from potential investors to develop a public private partnership (PPP) for the Yangon elevated expressway. Out of these, ten companies met the criteria to be considered as prequalified bidders.
The Prequalified Bidders will be invited to access relevant data and documentation related to the Project and participates in the tender process to submit bids. The next step of the tender process is the issuance of the Request for Proposals (RFP) and draft Concession Agreement to Prequalified Bidders.
The Yangon Elevated Expressway is priority project of the Government and aims to alleviate the severe traffic congestion in Yangon and improve connectivity for businesses and communities in the country’s commercial hub.
Media contact:
U Kyi Zaw Myint,
Deputy Director General,
yexmoc@gmail.com
ကရင်ပြည်နယ် လမ်းတံတား လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Wednesday, 05 December 2018 00:00လမ်းဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လှိုင်းဘွဲ့ - ရွှေဂွန်း - ပိုင်ကျုံ - ထီလုံ - တာပေါင် လမ်းပိုင်းရှိ လမ်း/တံတား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး။
(၄-၁၂-၂၀၁၈)
မန္တလေးမြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Monday, 03 December 2018 00:00ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြို
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက Infrastructure အပိုင်း အရည်အသွေးပြည့်မီ အောင်ဆောင်ရွက်ရန်၊ ရေ / မီးရရှိရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် ကလေးကစားကွင်းပါ ထည့်သွင်း ဆောင်ရွက်ပေးရန်တို့ကို မှာကြားပြီး တည်ဆောက်ပြီးစီးသည့် အိမ်ရာများနှင့် အခန်း ဖွဲ့စည်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယခုတည်ဆောက်နေသည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံက
ယခုအခါ ပြည်ထောင်စုဘတ်ဂျက်ဖြင့် (၄)ခန်းတွဲ (၅)ထပ်(၁၂)လုံး အိမ်ခန်းယူနစ်ပေါင်း ၂၄၀ခန့် ဆောင်ရွက်ပြီးစီးလျက် ရှိပြီး ကျန်စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် အဆောက်အဦအထူးအဖွဲ့မှ တည်ဆောက်နေသော မန္တလေးမြို့ဆေးရုံကြီး အရေးပေါ်ကုသဆောင် (၁၀) ထပ် အဆောက် အဦ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွ
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် အဆောက်အဦ အထူးအဖွဲ့(၆)မှ မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော် RC (၃)ထပ် ဆောက်လုပ်မှု အခြေအနေ ကိုလည်းကောင်း၊ မန္တလေး တိုင်းအမှတ်(၂) ခရိုင်ချင်းဆက် လမ်းပေါ်ရှိ ဒုဋ္ဌဝတီတံတား (ရွှေစာရံ) ကြံ့ခိုင်မှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
(၁-၁၂-၂၀၁၈)
လုပ်ငန်းညှိနှိုင်း အစည်းအဝေး
Tuesday, 27 November 2018 00:00ဆောက်လုပ်ရေး ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေး အား ၂၆-၁၁-၂၀၁၈ ရက် (၁၃:၀၀)အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၁၁)၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးများ၊ ဒု-ညွှန်မှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၁၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အရုဏ်ဆွမ်း ကပ်လှူ
Tuesday, 27 November 2018 00:00၁၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်း ကပ်လှူခြင်း အခမ်းအနား အား ၂၅-၁၁-၂၀၁၈ ရက် တနင်္ဂနွေနေ့ နံနက်(၀၅:၃၀)အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၁၁)၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ လယ်ဝေးမြို့၊ တေဇစက္ကီ ကမ္မဌာန်းရိပ်သာကျောင်းတိုက် ဆရာတော်နှင့် ပင့်သံဃာများအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အရုဏ်ဆွမ်း ကပ်လှူခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။