နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်အနီး ကဆန်ခချောင်းပေါ်ရှိ ရပ်ဘော့တံတား (နောင်မွန်း)ဖွင့်ပွဲသို့ တက်ရောက် (13-1-2018)

 


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၉-၁-၂၀၁၈)ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၁၁)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ အဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်၊ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေး၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်မင်းသိမ်း၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။


Page 10 of 22

နေ့စဉ်သတင်းစာများရယူရန်