COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ အလှူငွေ၊ အသက်ရှုစက် ၊ သာမိုမီတာ ၊ လက်အိပ် ၊ PPE ဝတ်စုံ ၊ Mask တို့ လှူဒါန်းခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ဦးဆောင်သောအဖွဲ့သည် (၅-၄-၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့နယ် ၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး မင်းကင်းပြည်သူ့ဆေးရုံနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ အလှူငွေကျပ်(၃၀)သိန်း အားလည်းကောင်း၊ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အသက်ရှုစက်(၁)လုံး ၊ သာမိုမီတာ (၆)ခု ၊ လက်အိပ်အစုံ(၃၀၀) ၊ PPE ဝတ်စုံ (၁၂၀) ၊ Mask အရေအတွက် (၃၀၀)တို့အားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည် ။