မြောင်းမြတံတားသစ် သံပေါင်တင် နောက်ဆုံးအစိတ်အပိုင်း တပ်ဆင်

ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြ မြို့နယ်၊ လပွတ္တာ - မြောင်းမြ - အိမ်မဲ - ကျောင်းကုန်း - ကျုံပျော် လမ်း၊ ရွေးမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် မြောင်းမြ တံတားသစ် သံပေါင်တင်၊ နောက်ဆုံးအစိတ်အပိုင်း တပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်၊ နံနက်(၀၇:၀၀)အချိန် တံတားတည်ဆောက်ရေး လုပ်ငန်းခွင် မြောင်းမြဘက်ကမ်း၌ ကျင်းပပြုလုပ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံကြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြပါသည်။ ယခုတည်ဆောက်သည့် မြောင်းမြတံတားသစ် အား ဂျပန်နိုင်ငံ JFE ကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ဆက်စပ်ထူထောင်ထားသော J&M Steel Solution က အသေးစိတ်ဒီဇိုင်းရေးဆွဲ၍ သံပေါင်များ ထုတ်လုပ်ပေးပြီး ပင်မတံတားအပိုင်းအား ခေတ်မီနည်းပညာသစ် Steel Truss Deck Type အမျိုးအစားဖြင့် တည်ဆောက်ထားပါသည်။ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)က တာဝန်ယူ၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မတ်လ အကုန် အပြီးတည်ဆောက်မည်လျက်ရှိရာ မကြာမီကာလတွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ခေတ်မီ ခန့်ညား ခိုင်ခံ့လှပသော တံတားတစ်စင်း ပေါ်ထွန်းလာတော့မည် ဖြစ်ပါသည်။

နေ့စဉ်သတင်းစာများရယူရန်