၁၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အရုဏ်ဆွမ်း ကပ်လှူ

၁၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်း ကပ်လှူခြင်း အခမ်းအနား အား ၂၅-၁၁-၂၀၁၈ ရက် တနင်္ဂနွေနေ့ နံနက်(၀၅:၃၀)အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၁၁)၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ လယ်ဝေးမြို့၊ တေဇစက္ကီ ကမ္မဌာန်းရိပ်သာကျောင်းတိုက် ဆရာတော်နှင့် ပင့်သံဃာများအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အရုဏ်ဆွမ်း ကပ်လှူခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

နေ့စဉ်သတင်းစာများရယူရန်

 

 

ဝန်ထမ်းဆိုင်ရာအသိပေးကြေငြာခြင်း