ရန်ကုန်မိုးပျံအမြန်လမ်း တင်ဒါလက်ခံခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် IFC တို့ ပူးပေါင်း၍ ရန်ကုန်မိုးပျံအမြန်လမ်း တင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို (၁၃-၁၁-၂၀၁၈)ရက် နေ့လည်(၁၄း၀၀)အချိန်တွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ IFC မှ ကိုယ်စားလှယ်များနှင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။