UNHabitat ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေး

ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် United Nations(UN) မှ Dr. Joan Clos (Secretary-General) ၏ ဖိတ်ကြားချက်အရ အီကွေဒေါနိုင်ငံ၊ ကီတိုမြို့ (Quito) တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့မှ (၂၀) ရက်နေ့ထိ ကျင်းပပြုလုပ်သော United Nations Conference on Housing and Sustainable Urban

 

Development (Habitat III) နှင့် အောက်တိုဘာလ (၂၄) ရက်နေ့ New York University တွင် ကျင်းပပြုလုပ်သည့် Urban Management Progrem အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်၊ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်၊ အဆောက်အဦ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော် တို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။

နေ့စဉ်သတင်းစာများရယူရန်