ပုသိမ်-မုံရွာလမ်း ယာယီဘေလီတံတား တည်ဆောက်မှု
Monday, 18 June 2018 00:00(၁၂-၆-၂၀၁၈)ရက်နေ့ မုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပုသိမ် - မုံရွာ လမ်းအပိုင်း မိုင်တိုင် ၃၁၁/၃ နှင့် ၃၁၁/၄ ကြားရှိ (၈)ပေအကျယ် Box Culvert (၃/၃၁၂)မှာ ရေစီးဒဏ်ကြောင့် ပြိုကျပျက်စီးကာ ပေ(၆၀)ခန့် လမ်းတာဘောင် ပြတ်သွားခဲ့ပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ရပါသည်။
အဆိုပါ လမ်းတာဘောင် ပြတ်တောက်သည့် နေရာတွင် အရှည် (၉၀)ပေ ဘေလီတံတား ယာယီတည်ဆောက်မှုအား ချက်ချင်းဆောင်ရွက်ခဲ့ပြီး လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။
ရာမောင်တံတားတွင် မော်တော်ယာဉ်များ ဖြတ်သန်းမှု အခြေအနေ
Wednesday, 06 June 2018 00:00ရာမောင်တံတားတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု အခြေအနေ (၂၈-၅-၂၀၁၈)ရက်နေ့မှစ၍ ယနေ့အထိ (၁၃)တန်အောက် ယာဉ်များအား ကြိုးတံတားပေါ်မှ ဖြတ်သန်းခွင့်ပြုပြီး (၁၃)တန်အထက် ယာဉ်များအား ဇက်ရေယာဉ်ဖြင့် ကူး၍ ဖြတ်သန်းခွင့်ပြုလျက် ရှိပါသည်။ (၁၃)တန်အထက် = (၇၅)စီး (ဇက်ရေယာဉ်ဖြင့် ကူးပါသည်။) (၁၃)တန်အောက် = (၁၆၀)စီး (ခရီးသည်များ တံတားပေါ် ဆင်းလျောက်၍ ယာဉ်များအား တံတားပေါ်မှ ဖြတ်သန်းသွားပါသည်။)
ရွှေပန်းပင်ချောင်းရေကျော် ဘေလီတံတားထိုးခြင်းလုပ်ငန်း
Wednesday, 06 June 2018 00:00တောင်တွင်းကြီး - မြို့သစ်လမ်း မိုင်တိုင်(၂၀/၃ - ၂၁/၄) ရွှေပန်းပင်ချောင်း ရေကျော်(၁၅၀ ပေ) ပျက်စီးမှုအား နှစ်လွှာတစ်ထပ်ဘေလီ တံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ
(၃-၆-၂၀၁၈) - ရေကျော်အတွင်း ပျက်စီးသည့် အပိုင်းအစများအား ရေစီးရေလာ ကောင်းမွန်ရန် ရေလမ်းကြောင်း ရှင်းလင်း - ယာယီတံတား Alignment နေရာ ရွေးချယ်
(၄-၆-၂၀၁၈) - ရေလယ်တိုင် Spun pipe ရိုက်မည့်နေရာတွင် ကျောက်ကြီးများနှင့် ရေကျော်အပိုင်းအစား ရှင်းလင်း - လက်ပံခြေပေါ်ဘက်ကမ်းမှ ဘေလီပစ္စည်းများ သယ်ယူ - မင်းဘူး - ပွင့်ဖြူ - စလင်း - ဆိပ်ဖြူလမ်းရှိ မုန်းချောင်းတံတားမှ Spun pipe များ သယ်ယူ - မြို့သစ်ဘက်ကမ်း ကမ်းကပ်ခုံအား Bearing အထိုင်ထိ ကျောက်ကြီးစီ
(၅-၆-၂၀၁၈) - နတ်မောက်ဘက်ကမ်း ကမ်းကပ်ခုံအား Bearing အထိုင်ထိ ကျောက်ကြီးစီ - လက်ပံခြေပေါ်ဘက်ကမ်းမှ ဘေလီပစ္စည်းများ သယ်ယူ - မင်းဘူး - ပွင့်ဖြူ - စလင်း - ဆိပ်ဖြူလမ်းရှိ မုန်းချောင်းတံတားမှ တန်(၅၀)ကရိန်း Hitachi (KH 150) သယ်ယူ
(၆-၆-၂၀၁၈) - Spun pipe များအား P1 နေရာသို့ ကရိန်းဖြင့် သယ်ရွှေ့ - ရန်ကုန် - ပြည် - မန္တလေးလမ်း မိုင်တိုင်(၁/၂၉၃) တောင်ဦးတံတားမှ ရေလယ်တိုင် P1 နှင့် P2 Diaphragm အတွက် I-Beam များနှင့် Grab များ သယ်ယူ
အဆောက်အဦနှင့် တင်ဒါဆိုင်ရာ ဆွေးနွေးပွဲ
Wednesday, 30 May 2018 00:00လှိုင်းဘွဲ့-ရှမ်းရွာသစ် ကတ္တရာလမ်းသစ် ဖွင့်ပွဲ
Monday, 28 May 2018 00:00လှိုင်းဘွဲ့ - ရှမ်းရွာသစ် ကတ္တရာလမ်းသစ် ဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကရင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြပါသည်။ (၂၇-၅-၂၀၁၈)
ဖာပွန်-ကမမောင်း-ဝါးဘိုးတောလမ်း၊ ချောင်းညီနောင်တံတား ကြည့်ရှုစစ်ဆေး
Friday, 25 May 2018 00:00ဖာပွန် - ကမမောင်း - ဝါးဘိုးတောလမ်း နှင့် ချောင်းညီနောင် တံတား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကရင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး။ (၂၄-၅-၂၀၁၈)
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန မှ အကောင်အထည်ဖော် ဆောင်ရွက်သော စီမံကိန်းကြီး (၄) ခု (4 Mega Projects)
Wednesday, 23 May 2018 00:00 Written by Super Userပဲခူး-သနပ္ပင်-သံလျင်လမ်း(ပဲခူးမြို့တွင်း) AC လမ်းဖွင့်ပွဲ
Monday, 21 May 2018 00:00 Written by Super Userပဲခူး - သနပ္ပင် - သံလျင်လမ်း (ပဲခူးမြို့တွင်းလမ်းပိုင်း) ကတ္တရာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်။ (၁၈-၅-၂၀၁၈)
http://construction.gov.mm/index.php/maintainess/2017-09-06-09-44-55?start=98#sigFreeId814230f8da
ပဲခူး-သနပ္ပင်-သံလျင်လမ်း(ပဲခူးမြို့တွင်း) AC လမ်းဖွင့်ပွဲ
Monday, 21 May 2018 00:00ပဲခူး - သနပ္ပင် - သံလျင်လမ်း (ပဲခူးမြို့တွင်းလမ်းပိုင်း) ကတ္တရာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်။ (၁၈-၅-၂၀၁၈)
ရန်ကုန် မိုးပျံ အမြန်လမ်းမကြီး (PPP) စီမံကိန်း စိတ်ဝင်စားမှု ဖော်ပြခြင်း လျောက်လွှာ EOI ခေါ်ယူခြင်း (အင်္ဂလိပ်/မြန်မာ)
Friday, 18 May 2018 00:00