ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၂-၄-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြ လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်လင်း က အဆိုပါလမ်းပေါ်ရှိ ပမ္မဝတီ ကြိုးတံတား (မြင်းကဆိပ်) ကြံ့ခိုင်ရေးဆောင်ရွက်ထားမှု အခြေအနေနှင့် ပက်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပါသည်။ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဝါးခယ်မ - မရမ်းချောင် - မြောင်းမြ လမ်းပေါ်တွင် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂) က တာဝန်ယူဆောင်ရွက်သည့် ကြိုးတံတား အနီး တံတားအသစ် တည်ဆောက်နေမှု အခြေအနေနှင့် ပက်သက်၍ ရှင်းလင်းတင်ပြမှု အပေါ် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး လက်ရှိကြိုးတံတား အား ခံနိုင်ဝန် သတ်မှတ်ချက်အတိုင်း မော်တော်ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုပြီး ကုန်တင်ယာဉ်များကို ဇက်ရေယာဉ်ဖြင့် ဖြတ်သန်းခွင့်ပြုရန် မှာကြားပါသည်။ ၄င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မ လမ်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၅) က တာဝန်ယူဆောင်ရွက်သည့် ဝါးခယ်မ ကြိုးတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စီမံကိန်းသို့ ရောက်ရှိရာ လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး ဘိုးပိုင်လုပ်ငန်း ကြိုတင်ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ဝါးခယ်မ ကြိုးတံတား ၏ ပင်မတံတားကြိုးဆိုင်းများ၊ ကြမ်းခင်းဘေလီများကို ဖြုတ်သိမ်းပြီးဖြစ်၍ ရေလယ်ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ရန် သံဆင်ခြင်း၊ Stand Pipe ချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ ထို့နောက် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မ လမ်းပေါ်ရှိ ရွှေလောင်းတံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြ လမ်းပေါ်ရှိ ကျွန်းပြဿဒ် တံတား၊ စော်ကဲ တံတား တည်ဆောက်နေမှု အခြေအနေကိုလည်းကောင်း၊ လမ်းကွန်ယက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဝင် နာဂစ်လမ်းများ အခြေအနေကို လည်းကောင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီး က တံတားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ခရီးသွားပြည်သူများ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးပါသည်။


မြောင်းမြတံတားအသစ် ဖွင့်ပွဲအခမ်းအနားအား (၁-၄-၂၀၁၉)ရက် တနင်္လာနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြပါသည်။


မြောင်းမြ တံတား ဖွင့်ပွဲ ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး။ (၃၁-၃-၂၀၁၉)


လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ က တာဝန်ယူဆောင်ရွက်လျက်ရှိသော ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် (၈-၄-၂၀၁၉)ရက် တနင်္လာနေ့မှ စတင်၍ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့ တို့ ပူးပေါင်းပြီး အမှတ်(၃)လမ်းဆုံတိုးလ်ဂိတ်၊ နေပြည်တော် စီလမ်းဆုံ တိုးလ်ဂိတ်၊ စကားအင်း တိုးလ်ဂိတ် တို့တွင် အမြန်လမ်း အသုံးပြုယာဉ်များ၏ ကြံ့ခိုင်မှုများအား ပူးပေါင်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့


ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း က ကြည့်ရှုစစ်ဆေးမှု အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့် တံတားဦးစီးဌာန မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ (၁၈-၃-၂၀၁၉)


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ADB ချေးငွေဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အိန္ဒု - ကော့ကရိတ် လမ်းပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် မကြာမီတွင် ဖွင့်လှစ်တော့မည့် ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ (၁၇-၃-၂၀၁၉)


ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန က အကောင်အထည်ဖော် တည်ဆောက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်း အိမ်ရာစီမံကိန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀)ရက်၊ နံနက်(၀၇:၄၅)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့် ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး ၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိ ဦးအောင်ကျော်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ကျန်စစ်မင်း အိမ်ရာ နေထိုင်သူများ တက်ရောက်ကြပါသည်။ ကျန်စစ်မင်း အိမ်ရာစီမံကိန်း အပိုင်း(၁)ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး Master Plan အရ အဆောက်အဦ (၇၃)လုံး ၊ အခန်းပေါင်း (၂၃၇၂)ခန်း ပါဝင်ပါသည်။ တည်ဆောက်ပြီး အိမ်ရာများအနက် အဆောက်အဦ (၁၈)လုံး ၏ အခန်းပေါင်း (၃၀၇) ခန်း ကို အများပြည်သူသို့ ငွေလက်ငင်း ပေးချေသည့်စနစ်၊ ၃၀% Down Payment ပေးချေပြီး CHID ဘဏ်မှ ချေးငွေရယူသည့် စနစ်တို့ဖြင့် ရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍လည်း တည်ဆောက်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်းများကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျှက် ရှိပါသည်။


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သာယာဝတီခရိုင် အတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတား လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး။ ၁၀-၃-၂၀၁၉


Page 4 of 27

နေ့စဉ်သတင်းစာများရယူရန်