မင်းဘူး - ပဒါန်း - အမ်း လမ်းပိုင်းလမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ။
(၁၉-၁၀-၂၀၁၈)၊ လမ်းအထူးအဖွဲ့(၁၁)


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ Max Myanmar Co, Ltd မှ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန် - ပြည် လမ်းပိုင်းအား လမ်းချဲ့ခြင်းနှင့် AC ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က တာဝန်ယူ ဆောင်ရွက်သော တိုက်ကြီးမြို့နယ်ရှိ ဥက္ကံ - ကျွဲဘုတ် လမ်း အရှည်(၅ မိုင် ၄ ဖာလုံ)အား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်ပါသည်။ ဆက်လက်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန က ဆောင်ရွက်သော ဝါးတောသာ - အင်ငူ - ပေါင်းချုပ် - ကြိုးကြာကန်လမ်း နှင့် လမ်းဦးစီးဌာန က တာဝန်ယူ ဆောင်ရွက်သော ပြည် - ပေါက်ခေါင်း - အုတ်တွင်း - တောင်ငူ လမ်း တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ပြုပြင်ထိန်းသိမ်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပါသည်။ (၁၃-၁၀-၂၀၁၈)


ရန်ကုန် မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ရုံးအမှတ်(၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် IFC မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် စီမံကိန်းအား Public Private Partnership (PPP) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြု မြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အဆင်ပြေစေရန်နှင့် နိုင်ငံ၏ စီးပွားရေးစင်္ကြံလမ်းမကြီးတစ်ခု အဖြစ် ပေါ်ထွက်လာစေရန် ရည်ရွယ်ကြောင်းတို့ကို ညှိနှိုင်းဆွေးနွေးကြပါသည်။ (၁၅-၁၀-၂၀၁၈)


မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့နယ်၊ ဝိုင်းမော် - ဝါရှောင် - ဆဒုံး - ကန်ပိုင်တီ လမ်းပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်တိုင် ၅၅/၆-၇ ကြား အလျား ၇၆.၂ မီတာ အမြင့် ၂၁.၃ မီတာ တောင်ပြိုကျမှု ဖြစ်ပွားခဲ့ရာ ၎င်းလမ်းရှိ တံတားအမှတ် ၆/၅၆ အရှည် (၁၇၄)ပေ ကျောက်စီ(Arch bridge) ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သောနေရာသို့ကချင်ပြည်နယ် လမ်းပန်းဝန်ကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ယာဉ်ငယ်များ သွားလာနိုင်ရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။ (၁၅-၁၀-၂၀၁၈)


ဧရာဝတီတံတား (အောင်လံ-သရက်) တည်ဆောက်မည့် တံတားအူကြောင်း လျာထားနေရာကို အောင်လံဘက်ကမ်းတွင် အမြဲတမ်းအတွင်းဝန် နှင့် တံတားဦးစီးဌာန မှ တာဝန်ရှိသူများ
ကြည့်ရှုစစ်ဆေး ။

(၁၃-၁၀-၂၀၁၈)


ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန(ရုံးချုပ်)၊ အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးအဖွဲ့၊ ဥတ္တရသီရိခရိုင် လမ်းဦးစီးဌာန တို့မှ အဖွဲ့များ ပူးပေါင်း၍ အမြန်လမ်းမကြီးတလျောက်တွင် မိုင်တိုင် ၂၂၀ မှ ၂၃၂ အတွင်း အမှိုက်ကောက်လှုပ်ရှားမှု ဆောင်ရွက်ခြင်း ။ (၁၃-၁၀-၂၀၁၈)


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁) က တာဝန်ယူဆောင်ရွက်နေသာ မြောင်းမြတံတားအသစ် စီမံကိန်း၊ မြောင်းမြဘက်ကမ်း ချဉ်းကပ်တံတား M1 နှင့် ပင်မတံတား RP1 ကြားတွင် (၆၈)တန် အလေးချိန်ရှိသော ယက်မ တပ်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်၍  (၁၅-၁၀-၂၀၁၈)ရက်နေ့မှ (၃၁-၁၀-၂၀၁၈)ရက်နေ့ထိ  နဝရတ်လမ်းမကြီးအား ယာယီပိတ်ထားမည်ဖြစ်သဖြင့်လမ်းလွှဲများမှ သွားလာကြပါရန် မေတ္တာရပ်ခံ အသိပေးကြေညာအပ်ပါသည်။
တည်ဆောက်ရေးအဖွဲ့(၁)
မြောင်းမြတံတားသစ် တည်ဆောက်ရေးစီမံကိန်း


Page 2 of 22

နေ့စဉ်သတင်းစာများရယူရန်

 

 

ဝန်ထမ်းဆိုင်ရာအသိပေးကြေငြာခြင်း