Super User

Super User


ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ဦးဆောင်သောအဖွဲ့သည် (၅-၄-၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့နယ် ၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး မင်းကင်းပြည်သူ့ဆေးရုံနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ အလှူငွေကျပ်(၃၀)သိန်း အားလည်းကောင်း၊ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အသက်ရှုစက်(၁)လုံး ၊ သာမိုမီတာ (၆)ခု ၊ လက်အိပ်အစုံ(၃၀၀) ၊ PPE ဝတ်စုံ (၁၂၀) ၊ Mask အရေအတွက် (၃၀၀)တို့အားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည် ။


COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ အတွက်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှုများ (၄-၄-၂၀၂၀ မှ ၇-၄-၂၀၂၀ ရက်နေ့အထိ)


 





ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးကို

အသုံးပြုသွားလာနေကြသည့်

ကိုယ်ပိုင်ယာဉ်များ ၊ ခရီးသည်တင်ယာဉ်များ‌နှင့်

အခြားမော်တော်ယာဉ်များပေါ်ရှိ

ခရီးသည်များ အနေဖြင့်

အစားအသောက်များအား

ပါဆယ် ထုတ်ယူ စားသုံးပြီးပါက

ပါဆယ် ထည့်လာသည့်

ပလက်စတစ်အိတ် ၊ ဖော့ဗူးခွံ အစရှိသော အမှိုက်များကို

အမြန်လမ်းမပေါ်တွင်

စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမျိုး မပြုလုပ်ဘဲ

စနစ်တကျ ထုပ်ပိုး၍

နီးစပ်ရာ အမှိုက်ပုံးများ ၊

အမှိုက်စွန့်ပစ်ရန် နေရာများ တွင်သာ

စွန့်ပစ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန



Covid19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မိသားစုများမှ အလှူငွေ ကျပ်(၁၀၀)သိန်းအား Coronavirus Disease 2019 (Covid-19) ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ကော်မတီ သို့ ပေးအပ်လှူဒါန်းပါသည် ။ (၃၀-၃-၂၀၂၀)


မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်ပမှဝင်ရောက်လာသူများအား Quarantine ပြုလုပ်နိုင်ရန်အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မန္တလေးမြို့စက်မှုသင်တန်းကျောင်း( သင်တန်းသားအိပ်ဆောင်နှင့်သင်တန်းခန်းမများ ) ကို မန္တလေးတိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့်ဆောင်ရွက်နိုင်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း အသိပေးအပ်ပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊သုဝဏ္ဏဗဟိုသင်တန်းကျောင်း( သင်တန်းသားအိပ်ဆောင်၊စာသင်ခန်းမနှင့်အားကစားခန်းမ များ)အား ၊ပြည်ပမှပြန်လည်ဝင်ရောက်လာသူများကို Quarantine ပြုလုပ်နိုင်ရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့်ဆောင်ရွက်နိုင်‌ရေးအတွက်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျှက်ရှိပါသည်။


ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက် ရောဂါအား ကြိုတင်ကာကွယ်သည့်အနေဖြင့် ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ မော်တော်ယာဉ်ရပ်နားစခန်း (Rest Camp)များ အားလုံးတွင်ရှိသော စားသောက်ဆိုင်များအားလုံးကို ပါဆယ် စနစ် ဖြင့်သာရောင်းချသွားကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ယနေ့ (၂၈-၃-၂၀၂၀) ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားပါသည်။



Page 1 of 54

နေ့စဉ်သတင်းစာများရယူရန်