မလွဲတောင်လမ်းပိုင်း ဘေလီတံတား ၄၈ တန်ကားများ ဖြတ်သန်းခွင့်ပြု

အသိပေးကြေညာချက် Monday, 09 September 2019 00:00
Rate this item
(0 votes)

ဘုရားကြီး - မော်လမြိုင် - ရေး - ထားဝယ် - ကော့သောင်းလမ်း (ထားဝယ် - မလွဲတောင် အပိုင်း) မိုင်တိုင်(၈၀/၂) တောင်ပြိုလမ်းသား ပြတ်ကျသွားသည့်နေရာတွင် တပ်ဆင်ထားသော ယာယီဘေလီသံဘောင်တံတားအား 
(၁၇-၈-၂၀၁၉)ရက်နေ့မှစ၍ အိမ်စီးကားများနှင့် ကုန်ကားများ (ယာဉ်+ကုန်=၂၄ တန်)အား ဖြတ်သန်းခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ 
ယခုအခါ အဆိုပါဘေလီတံတားကို Strengthening ပြုလုပ်ပြီးဖြစ်ပါ၍  Load Test ပြုလုပ်ပြီး (၇-၉-၂၀၁၉)ရက် စနေနေ့ နံနက်(၀၉:၄၅)အချိန်မှစတင်၍ (ယာဉ်+ကုန် = ၄၈ တန်) အထိ ကားကြီးများအား ဖြတ်သန်းခွင့်ပြုလိုက်ပြီ ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

(ဆောက်လုပ်ရေးဝန်ကြီးဌာန)

Read 67 times

နေ့စဉ်သတင်းစာများရယူရန်