သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းရှိ တံတားများ ဖျက်ဆီးခံရ

အသိပေးကြေညာချက် Monday, 19 August 2019 00:00
Rate this item
(0 votes)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင် ၊ သိန္နီ နှင့် ကွမ်းလုံ မြို့နယ်အတွင်း သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော် လမ်း (၁၇-၈-၂၀၁၉)ရက် နံနက်(၀၃:၀၀)နာရီအချိန်တွင် မိုင်တိုင်(၁၅/၃-၄) ၊ ကောင်းကော်ရွာ နှင့် နမ့်တုန်ဆုံရွာကြား တံတားအမှတ်(၄/၁၆)၊ အရှည် (၃၀ ပေ) ၊ အကျယ် (၂၈ ပေ) သံကူကွန်ကရစ်တံတား (၁)စင်း နှင့် မိုင်တိုင်(၄၀/၃-၄) ကြား ဗြုန်းတောင်အတွင်းရှိ တံတားအမှတ်(၂/၄၁)၊ အရှည် (၈၀ ပေ) ၊ အကျယ် (၂၈ ပေ) RC Arch Bridge (၁)စင်း တို့အား အကြမ်းဖက် သောင်းကျန်းသူများ က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ပါသည်။ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်သွားပါသဖြင့် ယာယီဘေလီတံတားများ ထိုးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ အမြန်ဆုံး စီစဉ်လျက် ရှိပါကြောင်း အသိပေးအပ်ပါသည်။

Read 85 times

နေ့စဉ်သတင်းစာများရယူရန်