ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ သိရှိဆောင်ရွက်နိုင်ရန် အသိပေး နှိုးဆော်ခြင်း

Rate this item
(0 votes)

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ သိရှိဆောင်ရွက်နိုင်ရန် အသိပေး နှိုးဆော်ခြင်း

- ယနေ့မျက်မှောက်ခေတ်တွင် Internet အသုံးပြု Social Media ဖြစ်သည့် Facebook လူမှုကွန်ယက်ကို တိုးတက်လာသော ခေတ်နှင့်အညီ လူတိုင်းနီးပါး အသုံးပြုလျက် ရှိနေကြပါသည်။

 

 

- Facebook လူမှုကွန်ယက်ကို တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်းအားဖြင့် လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ် ကျယ်ဝန်းလာသလို မိမိတို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဗဟုသုတ ရှာဖွေမှု အပိုင်းများတွင် လွန်စွာအကျိုးရှိ၍ မိမိတို့၏ အလိုရှိရာ ရည်မှန်းချက်များကိုလည်း ပိုမို ရရှိအောင် ကြိုးပမ်း ဆောင်ရွက်နိုင်နေကြပြီ ဖြစ်ပါသည်။

- Facebook အသုံးပြုရာတွင် ထားရှိသင့်သည့် Attitude လိုက်နာသင့်သည့် စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ Facebook တည်ထောင်သည့် အဖွဲ့အစည်းမှ Facebook Community Standard (၁၂)ချက်ကို ထုတ်ပြန်ကြေညာထားပြီး အဆိုပါအချက်များထဲတွင် အမုန်းစကားမပြောရန်၊ ဌာနအဖွဲ့အစည်း/ လူပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် အရေးအသားများ လှောင်ပြောင်သရော်မှုများ ဖော်ပြခြင်း မပြုလုပ်ကြရန်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လေးစားစွာ ဆက်ဆံကြရန် စသည်ဖြင့် အလေးအနက်ဖော်ပြပါရှိပါသည်။

- ယခုအခါ ဌာနတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ Facebook စာမျက်နှာတွင် Account အတုများ ဖန်တီး၍ မသင့်မလျော်စေရန် ပုတ်ခတ်ခြင်း၊ လှောင်ပြောင်သရော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

- မိမိဌာန ဝန်ထမ်းများအနေဖြင့် Facebook အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လူမှုကျင့်ဝတ်များနှင့် ညီညွှတ်မှု မရှိသည့် အဆိုပါ Account အတုများနှင့် ချိတ်ဆက်ခြင်း မပြုကြပါရန်၊ ချိတ်ဆက်ထားပါကလည်း Unfriend ပြန်လည်ပြုလုပ်ခြင်း၊ Block လုပ်ခြင်းများ ပြုလုပ်၍ ၄င်း Account အတု များအား ပယ်ဖျက်/ပိတ်ပင် ပြုလုပ်သွားကြရန် လိုအပ်ပါသည်။

- တိုးတက်လာသော နည်းပညာများအရ မိမိ Account ရှိ Friend များအား ဖုံးကွယ်(Hide) ထားခြင်းများရှိပါကလည်း ဝင်ရောက်ကြည့်ရှုနိုင်နေပြီ ဖြစ်ပါ၍ မလိုလားအပ်သည့် Account အတုများ Friend List တွင် ပါဝင်ကြောင်း တွေ့ရှိရပါက မိမိကိုယ်တိုင် အားပေး ကူညီနေသကဲ့သို့ မှတ်ယူခြင်း ခံရနိုင်ပါသည်။

- သို့ဖြစ်ပါ၍ ဖော်ပြပါ အသိပေးနှိုးဆော်ချက်နှင့်အညီ Facebook အသုံးပြုသည့် ဝန်ထမ်းများ အနေဖြင့် ဆင်ခြင်တုံတရား ရှိစွာဖြင့် မှန်ကန်စွာ အသုံးပြုသွားကြစေရန် အသိပေး နှိုးဆော်အပ်ပါသည်။

Read 37735 times Last modified on Wednesday, 14 December 2016 02:50

16601 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.

နေ့စဉ်သတင်းစာများရယူရန်